Monday 13 February 2012

မြိုင်အုပ်ချုပ်ရေးမှူး အန်အယ်လ်ဒီဈေးရောင်းပွဲပိတ်ပင်သတဲ့ဗျို့

 


                                                                 

                                            ( ရွှေအုံးတောက်ဘုရားပုံပါ)ကိုယ်တိုင်ရိုက်ထားခဲ့ပါတယ်။
                                                   ကြော်ငြာဝင်ပြီနော်.....
(သမိုင်းဝင်ဘုရားလည်းဖြစ်ပါတယ်။ ဘလော့ဂ်မှာလည်း ရှိပါတယ် နောက်မှ ဒီဘုရားသမိုင်းရေးပါမယ်။
နှစ်စဉ်ကျင်းပ တဲ့ပွဲပါ။ ငယ်စဉ်ကတည်းက ဒီပွဲရောက်တော့ မယ်ဆိုပျော်နေခဲ့ ရပါတယ်။ နှစ်တိုင်းတော့  ဒီလိုနာမည်ကြီးဇာတ် ပွဲမဟုတ်ပါဘူး။ ခါတိုင်းနှစ်တွေမှာ မုံရွာဇာတ်၊ ချောက်ဇာတ် တွေပဲငှါးပါတယ်)
                                                                    
မ ​ကွေး​တိုင်း​ မြိုင်မြို့​နယ်က ဘုရား​ပွဲတခုမှာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ရန်ပုံ​ငွေ​ဈေး​ရောင်း​ပွဲကို မြို့​နယ်အုပ်ချုပ်​ရေး​မှူး​က ပိတ်ပင်လို့​ ​ရောင်း​ချခွင့်​မရဘဲ ပိတ်လိုက်ရပါတယ်။
သုံး​ရက်ဆက်တိုက် ဘုရား​ပွဲကို မြို့​နယ်အုပ်ချုပ်​ရေး​မှူး​က သူကိုယ်တိုင်မလာဘဲ ဘုန်း​ကြီး​တွေက တဆင့်​ ပိတ်ခိုင်း​တာလို့​ ဆိုပါတယ်။
အခုလ ၈ ရက်​နေ့​ကစတဲ့​ မြိုင်မြို့​နယ် ရွာတန်း​ရှည်​ကျေး​ရွာ ရွှေအုံးတောက်ဘုရား​ပွဲမှာ မန္တ​လေး​ကလာတဲ့​ နာမည်ကြီး​ ​ရွှေမန်း​သဘင်ရဲ့​ဇာတ်ကို ကပြပါတယ်။
အဲဒီပွဲမှာ မြိုင်အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ဗိုလ်ချုပ်နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ပုံပါ တီရှပ်​တွေ၊​ ​သော့​ချိတ်​တွေ၊​ ဦး​ထုပ်​တွေ ရန်ပုံ​ငွေအတွက် ​ရောင်း​တာကို ညကိုး​နာရီ​လောက်မှာ လာ​ရောက်ပိတ်ပင်ခံရတာဖြစ်ပါတယ်။
မြိုင်အန်အယ်လ်ဒီဥက္ကဋ္ဌ ဦး​အောင်ခင်ဝင်း​က “ည ၉နာရီ​လောက်မှာ သံဃာ​တော်​တွေက လာပြီး​တော့​ ဘာသာ​ရေး​ပွဲ​တွေမှာ နိုင်ငံ​ရေး​ပါတီ အ​ရောင်း​ဆိုင်​တွေ ခွင့်​မပြုဘူး​လို့​ လာ​ပြော​တော့​ အာနန္ဒာဘုရား​ပွဲ​တော်မှာလည်း​ ​ရောင်း​တာပဲလို့​ ​ပြော​တော့​ အဲ့​ဒါ​တွေကထား​ပါတဲ့​။ တကယ်လို့​ ဒကာတို့​က ဆိုင်မပိတ်ရင် ပွဲမိန့်​ပိတ်မယ်တဲ့​။ အဲဒါနဲ့​ ဘုန်း​ဘုန်း​ တပည့်​တော်တို့​က​တော့​ ပွဲ​တော့​ အပျက်မခံဘူး​။ အဲဒါနဲ့​ ၁၁ နာရီ​လောက်မှာ အစား​ထိုး​ပွဲမိန့်​ဆိုတာ ​ရောက်ချလာတယ်။ အစား​ထိုး​တဲ့​ ပွဲမိန့်​ရဲ့​ အပိုဒ် ဇ ခွဲမှာ နိုင်ငံ​ရေး​ပါတီ အ​ရောင်း​ဆိုင်​တွေကို ဘာသာ​ရေး​ပွဲ​တွေမှာ ခွင့်​မပြုဘူး​ဆိုတာ မြို့​နယ်အ​ထွေ​ထွေ အုပ်ချုပ်​ရေး​မှူး​ လက်မှတ်ထိုး​ပြီး​ ကျလာတယ်” လို့​ ​ပြောပါတယ်။
သူတို့​ဈေး​ရောင်း​တယ်ဆိုတာကို သိတဲ့​အတွက် မြို့​နယ်အုပ်ချုပ်​ရေး​မှူး​က တမင်အကွက်ဆင်ပြီး​ တား​ခဲ့​တာလို့​ ဆိုပါတယ်။
အုပ်ချုပ်​ရေး ​အာဏာပိုင်ရဲ့​ ဒီပိတ်ဆို့​မှုအ​ပေါ် ဦး​အောင်ခင်ဝင်း​က “အခုက မ​ကွေး​တိုင်း​မှာ အဆိုး​ဆုံး​ ဖြစ်​နေတာ။ စာ​ပေ​ဟော​ပြောပွဲ​တွေလည်း​ ပိတ်၊​ ​ဈေး​အ​ရောင်း​ဆိုင် ရန်ပုံ​ငွေ ရှာပွဲ​တွေလည်း​ ပိတ်၊​ မ​ကွေး​တိုင်း​မှာကို ဖြစ်​နေတာ။ တရား​မဝင် ပစ္စည်း​လည်း​ ​ရောင်း​တာမဟုတ်ဘူး​လေ။ ဘိန်း​ရောင်း​တာလည်း​ မဟုတ်ဘူး​။ ကျ​နော်တို့​က​တော့​ လာမယ့်​ ဘုန်း​ကြီး​ပျံပွဲ​တွေမှာ ဆက်​ရောင်း​ချင်တာပဲဗျ။”
မကြာခင်မှာ ဘုန်း​ကြီး​ပျံပွဲ​တွေ၊​ တ​ပေါင်း​လပြည့်​ပွဲ​တွေလည်း​ လာ​တော့​မှာဖြစ်လို့​ ရန်ပုံ​ငွေ ​ဈေး​ရောင်း​ချခွင့်​ရဖို့​ ကြိုး​ပမ်း​မယ်လို့​ သူက ​ပြောပါတယ်။ 
ဒီဗွီဘီ

1 comments:

မြိုင်သားလေး said...

ဟုတ်တယ်ဗျ ကျနော်တို့ မြိုင်နယ်မှာ အစိုးရအဖွဲ့က
ဆိုးနေတယ်။ အမေစုလည်း ရောက်သွားခဲ့သေးတယ်လေ။

Post a Comment