Showing posts with label မြိုင်သားလေး နဲ့မိတ်ဆက်ခြင်း. Show all posts
Showing posts with label မြိုင်သားလေး နဲ့မိတ်ဆက်ခြင်း. Show all posts

Sunday, 25 March 2012

ရိုသေလေးစားစွာ မြိုင်သားလေး နဲ့မိတ်ဆက်ပါဧ။်

ကျွန်တော် မြိုင်(ချောက်တောင်း)သားလေးပါ။
မော်လမြိုင်သားမထင်လိုက်ပါနဲ့အညာသားပါ။
မြိုင်မြို့ပါ(အညာဒေသလေးပါ) အောက်မှာဒေါက်တာ သက်လွင်ရေးထားတာလေးပဲဖတ်ကြည့်ပါဗျာ။ မြန်မာနိုင်ငံ တ၀ှမ်းကမြို့တစ်မြို့ကို သေချာသိသွားပါလိမ့်မယ်။


မြိုင်ဆိုတဲ့ မြို့ကလေး

         ''ဆရာရဲ့ ဇာတိက ဘယ်မြို့က ပါလဲ''
         ''မြိုင်မြို့ကပါ''
         ''မော်လမြိုင်လား''
         ''မဟုတ်ပါဘူး၊ မြိုင်ပါ''
         ''မြိုင်မြို့ဆိုတာ ရှိသလား''
         ''ရှိတာပေါ့ဗျာ၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်''
 စသည်ဖြင့် မကြာခဏ အမေးခံ ခဲ့ရဖူးသည်။ မြိုင်သည် မြန်မာရှင် ဘုရင်ခေတ်တွင် ပုခန်း၏လက် အောက်တွင် တိမ်မြုပ်နေခဲ့ရသည်။ လွတ်လပ်ရေးရပြီးနောက်တွင် ပခုက္ကူ ၏လက်အောက်တွင် တိမ်မြှုပ်နေခဲ့ရ သည်။ မြိုင်သားများသည် ပုခန်း သား၊ ပခုက္ကူသားဟု အမည်ခံခဲ့ကြ သည်။ အမှန်တော့ မြိုင်သည်သာမန် မြို့ကလေးမဟုတ်၊ ခေတ်အဆက် ဆက်တွင် အဘက်ဘက်ကတိုး တက်ခဲ့သော မြို့ကလေးဖြစ်သည်။ မြို့မကျ တောမကျ၊ စစ်ဘေးလုံခြုံရာ ဒေသဖြစ်ခဲ့သည်။ စီးပွားရေးဖွံ့ဖြိုးရာ ဒေသဖြစ်သည်။