Wednesday 15 February 2012

တောမင်းသမီး

(ယခင်လမှ အဆက်...)
၂။
ကလေးကို သိမ်းပွေ့ရင်း ကိုသာညို့ လှည်းဆီကို မိုးရေထဲကပဲ ဒရောသောပါး လှမ်းလာခဲ့သော ခြေထောက်တွေက မြေကြီးနှင့်ပင် လွတ်ချင်ချင်။
မဗိုင်းတောင့် ရင်တွေ ခုန်လှချည့်ကော။ ရွှေငါးဆယ်သားထုပ် တစ်ထုပ် ကောက်ရသည် ဆိုလျှင်ပင် သည်လောက် ရင်ခုန်စရာ အကြောင်းမရှိ။ ခုတော့ လူသား ကလေးငယ တစ်ယောက်ကို မထင်မှတ်သည့် အချိန်၊ မထင်မှတ် သည့်နေရာက ကောက်ရခဲ့ပြီ မဟုတ်လား။ ဘယ်သူ့ ကလေးလဲ။ ဘာကိစ္စ လက်ပံပင်နောက် အမှောင်ထဲက ပါးပျဉ်း အဟိုက်တွေထဲ ရောက်နေရတာလဲ။ ကလေး မအေခမျာ ကလေး ခဏချထားခဲ့ပြီး တပိုတပါး သွားနေသလား တွေးမိလို့ ခဏပင် စောင့်နေခဲ့သေးသည်။

နှစ်ဆယ့်တစ်ရာစု ရေသည်ပြဇာတ်

ကိုလှသောင်နဲ့ မခင်ဝင်းကို မြင်တိုင်း ကျွန်မ စိတ်ထဲမှာ ကျိတ်မနိုင် ခဲမရနဲ့ ဒေါသတွေက အလိုလို ထွက်လာတတ်တယ်။
တကယ်ဆို သူတို့ ဒီလို လုပ်သင့်လား။ သူတို့လည်း ၀မ်းရေးအတွက် ဒီအလုပ်ကို လုပ်နေရတာ ဖြစ်သလို ကျွန်မတို့လည်း စားဝတ် နေရေးအတွက် ဒီအလုပ်ကို လုပ်နေ ရတာပဲ။ စိတ်ကောင်းလေး ထားကြ ရမှာပေါ့။ အခုတော့ သူတစ်ပါး စီးပွားရေးကို ဖျက်လိုဖျက်ဆီး။ ပြီးတော့ တစ်ရပ်ကွက်တည်း နေလာကြတဲ့ အချင်းချင်းတွေ။

ကျွန်မတို့ ရပ်ကွက်မှာက ရေရှားတယ်လေ။ ရေတွင်း တူးရင်လည်း ဟိုးအောက်ပိုင်း တော်တော်ကြီး နက်အောင်တူးမှ ရေထွက်တာ ဆိုတော့ တုံကင်တွင်းတို့၊ လက်ဆွဲ အ၀ီစိ တွင်းတို့ တူးဖို့က အဆင် မပြေဘူး။ စက်နဲ့ စုပ်တင်ရတဲ့ စက်တွင်းတူးမှ ရေထွက်တာ ဆိုတော့ ရပ်ကွက် ထဲမှာက ရေတွင်းရှိတဲ့ အိမ်ရှားတယ်။ လက်ချိုး ရေကြည့်ပါမှ ခြောက်အိမ်ပဲ ရှိတာ။ ဒီခြောက်အိမ် ထဲမှာမှ လေးအိမ်က သူတို့အိမ် အတွက်ပဲ သူတို့ မောင်းတာလေ။ အခြားအိမ်တွေ အတွက် ရေမရောင်းဘူး။ ရေရောင်းတာက ဒီမြောက်ဘက်ခြမ်း ထဲက ကျွန်မတို့ အိမ်နဲ့ တောင်ဘက်ခြမ်း ထဲက ကိုမော်တာတို့ အိမ်ပဲရောင်းတာ။

Monday 13 February 2012

မြိုင်အုပ်ချုပ်ရေးမှူး အန်အယ်လ်ဒီဈေးရောင်းပွဲပိတ်ပင်သတဲ့ဗျို့

 


                                                                 

                                            ( ရွှေအုံးတောက်ဘုရားပုံပါ)ကိုယ်တိုင်ရိုက်ထားခဲ့ပါတယ်။
                                                   ကြော်ငြာဝင်ပြီနော်.....

Sunday 12 February 2012

nokia s60 -အတွက် power mp3 player

ဒီ နိုကီယာဖုန်းက ကျွန်နော် လက်ရှိသုံးနေတာလေးမို့ လက်တွေ့လေး
တွေ ပြန်လည်မျှဝေ နိုင်တာပါ။ smartphone ကိုင်နေသူတွေတွက်တော့
အဆင်ပြေနိုင် မလားလို့ပါပဲ။ ဖုန်းကတော့ နိုင်ငံခြားရောက်နေသူတိုင်း
ကိုင်နေကြတာလေ အနိမ့်အမြင့်ပေါ့။ ကိုယ်ဝယ်ကိုင်တဲ့ဖုန်း အဆင်မပြေ
တာတွေ တွေ့ကြမှာပါ။ ကျွန်တော့်လို ပေါ့အမ်ပီသရီးသီချင်း တွေဖွင့်ရင်
သဘောမတွေ့ဘူး သီချင်းတွေက အစုံကိုး နဂိုပါတဲ့ ပလေယာနဲ့ဆို ဟစ်ဟော့
ရောက်လိုက် ရော့ခ်ရောက်လိုက် မြန်မာသံစဉ်ရောက်လိုက် ဖီးလ်နောက်တယ်။
ဒါကြောင့် ဒီပလေယာလေး ကဖိုလ်ဒါလိုက် ရွေးဖွင့်လို့ အိုကေတယ်။
တင်ရ တာလည်းလွယ်တယ် ဆိုဒ်ကသေးသေး မို့။ ကဲအောက်မှာ ကြည့်ပါ။

smart movies တဲ့ symbian s-60တွေတွက်

ဒါလေး ယူချင်ကြမလားခင်ဗျာ။ nokia touch screen symbian phone တွေတွက်ပါ။
ကျွန်တော် တို့နဂိုပါ တဲ့ပလေယာ ကဗွီဒီယိုတွေ ဖွင့်ရင်ဆက်တိုက် မရဘူးဗျ။
တစ်ပုဒ်ချင်း ဖွင့်နေရတာ ဒါကြောင့် ဒီဟာလေး ရလို့ပြန်မျှပေးချင်ပါတယ်။
                        ပုံထဲကအတိုင်း play mode:continuous ဆိုပြီးပြင်ရသေးတယ်ဗျို့။

Monday 6 February 2012

ရယ်ချင် ရယ်ပါ(မရည်ပါနဲ့)

ဟိုတစ်မျိုး ဒီတစ်မျိုး

" မောင်မင်းအနေနဲ့ ဘာပြောချင်သေးလဲ "
" ကျွန်တော်မျိုး ဘာပြောရတော့မှာလဲ တရားသူကြီးမင်းခင်ဗျာ ။ သူ့အခန်းထဲ ၀င်ခိုးတုန်းက တရားလိုဟာ အိပ်မောကျနေတာပါ ။ အခုကျတော့ သူ့အိမ်ထဲဝင်ခိုးတာ သေသေချာချာမြင်ပါတယ်လို့ ထွက်ဆိုနေပါတယ် " @hp

မေမေ့တာဝန်ထားလိုက်

" ဒီလူနဲ့သမီးလက်မထပ်ချင်ဘူးမေမေ ၊ သူနဲ့သမီးနဲ့ အယူအဆချင်း မတူကြဘူး ။ သူကငရဲရှိတယ်ဆိုတာကို မယုံဘူးလို့အကြောက်အကန်ပြောတယ် မေမေရဲ့ "
" လက်ထပ်မှာသာ ထပ်လိုက်ပါသမီးရယ် ၊ ငရဲတကယ်ရှိကြောင်း သိအောင်လုပ်ဖို့ မေမေ့တာဝန်ထားလိုက်စမ်းပါ "

အမွေဆက်ခံမိလို့

" ခင်ဗျား မသေသင့်ဘူးဗျ ။ ဟုတ်တယ် ၊ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး "
" ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာငိုပြီး ဘာတွေလာပြောနေတာလဲ ။ ဒီဂူထဲမြုပ်ထားတာ ခင်ဗျားရဲ့အခင်ဆုံးမိတ်ဆွေမို့
လို့လား "
" ဟင့်အင်း ..... ကျွန်တော့်မိန်းမရဲ့ ပထမယောက်ျားပါ " @hp

မမြောက်ပါနဲ့ဗျာ

ဘရူနိုင်းနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲအတွက် မြန်မာ-ယူ ၂၁ ဘောလုံးကစားသမား စာရင်း

ဖေဖော်ဝါရီ ၂၅ ရက်ကနေ မတ်  ၂ ရက်အထိ ကျင်းပမယ့် ဘရူနိုင်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် မြန်မာ ယူ-၂၁ လက်ရွေးစင် အသင်း အပြီးသတ်ကစားသမား ၁၈ ဦးစာရင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ဒီကနေ့ ရွေးချယ်ထုတ်ပြန်လိုက်ပါတယ်။

မြန် မာ ယူ ၂၁ အ သင်း နှင့် နည်း ပြ
မြန်မာ ယူ-၂၁ အသင်းကို နည်းပြချုပ်အဖြစ် ကိုရီးယားလူမျိုး ပတ်ဆောင်ဟွာက တာဝန်ယူလေ့ကျင့်ပေးနေပြီး​ ​ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၊ ၃ ရက်တွေတုန်းက အူဆန်အသင်းနဲ့  ခြေစမ်းပွဲ ၂ ပွဲ ယှဉ်ပြိုင်ခဲ့ပါတယ်။
မြန်မာ ယူ-၂၁ အသင်းဟာ ပထမခြေစမ်းပွဲမှာ ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ဒုတိယခြေစမ်းပွဲမှာတော့ ၁-၁ ဂိုးဆီ သရေ ကျခဲ့တာပါ။
ခြေစမ်းပွဲတွေမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစွမ်းတွေအပေါ် မူတည်ပြီး ပမာဏ ရွေးချယ်ထားတဲ့ ၂၅ ဦးအနက် အပြီးသတ်ကစားသမား ၁၈ ဦးကို ရွေးထုတ်ခဲ့တယ်လို့ သိရပါတယ်။
အပြီးသတ် ကစားသမားစာရင်းမှာ ပြီးခဲ့တဲ့ ၂၀၁၁ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာ ယူ-၂၃အသင်းက ကစားသမား ၇ ဦး ပြန်လည်ပါဝင်လာပါတယ်။ ရွေးချယ်ထားတဲ့ ကစားသမားတွေကို ဖေဖော်ဝါရီ ၁၉ ရက်မှာ စတင် စခန်းသွင်းလေ့ကျင့်ဖို့ စီစဉ်ထားပြီး ၂၂ ရက်နေ့ မှာ ဘရူနိုင်းနိုင်ငံသို့ ထွက်ခွာဖို့ စီစဉ်ထားကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ သတင်းထုတ်ပြန်မှုအရ သိရပါတယ်။

Sunday 5 February 2012

မြိုင်သားလေးရဲ့ မိဘမေတ္တာဖွဲ့တေးများ စုစည်းမှု




မိဘနေရာရောက်ခဲ့ရင်                    =မင်းဂျွန်စိုး
ဂန္တ၀င်မေမေ                                   =.....
ဖေဖေ                                             =......
အဖေ့ကျေးဇူး                                  =ပိုင်သက်ကျော်
ဆန်ရေတပွက်                                =ဟင်္သတထွန်းရင်
ပုံပြောကောင်းတဲ့မေမေ                  =ငြိမ်းစည်သူ
ဆန်ရေ                                            =ဘိုဖြူ
အမေ့အိမ်                                        =ထူးအိမ်သင်
အရိပ်စစ်                                         =      ။
မေမေ                                             =     ။
အနှိုင်းမဲ့ ရင်ခွင်ကမ္ဘာ                       =မင်းဂျွန်စိုး
အမေ့မျက်ရည်ကြွေမှာစိုး                 =     ။

Friday 3 February 2012

ကျုပ်ရဲ့တစ်ကိုယ်တော် ပြပွဲဟာ ကျုပ်ကျောပေါ်မှာလူတွေနဲ့

ကျုပ်က ရှေးဟောင်း သစ်သားတံတား အိုကြီးပါ။ ကျုပ်အသက် ဘယ်လောက်လို့ ခင်ဗျားတို့ ထင်သလဲ။ ပြန်တွေးကြည့်ဗျာ။ ဆိုကြည့်ဗျာ။ ဒီလိုလေ။
“အင်းက အော်အာ ဆောက်လုပ်ခါ”တဲ့။
“အင်းက အော်ညည်း ဆောက်လုပ်ပြီး”တဲ့။

သက္ကရာဇ် ၁၂၁၁မှာ ဆောက်လုပ်ခဲ့တယ်။
သက္ကရာဇ် ၁၂၁၃ (၁၈၅၁) မှာ ဆောက်လုပ်ပြီး တာပေါ့။ ကျုပ်အသက်က ၁၆၀ ထဲမှာပေါ့။ ကျုပ်က တကယ် ထူးဆန်းတဲ့ အဘိုးအိုပေါ့။ ကျုပ်ကျောပေါ်မှာ ကျုပ်တို့ မြန်မာပြည်သူ ပြည်သားများစွာ များစွာ ဖြတ်လျှောက် နေကြတယ်။ ကျုပ်ကျောပေါ်မှာ ကမ္ဘာသူ ကမ္ဘာသား များစွာလည်း နေ့စဉ် ဖြတ်လျှောက် နေကြတယ်။ သူတို့ကတော့ ကမ္ဘာ့ဂန္ထ၀င် ရှေးဟောင်း တံတားကြီးပေါ် အရသာ ရှိရှိ ဖြတ်လျှောက်ရင်း အာကာသ ဟင်းလင်းပြင်နဲ့ လေပြည် လေညင်းကို တရှိုက်မက်မက် ရှူရှိုက်ကြတာ။ အဲသည် လေညင်းလေးဟာ ကျုပ်မိတ်ဆွေပေါ့။
ကျုပ်မှာ နာမည်ရှိတယ်။    ခင်ဗျား နာမည်ကို ကမ္ဘာက မသိချင်နေမယ်။

Thursday 2 February 2012

mobile phone for zuma game

မိုဘိုင်းဖုန်းတွေမှာ ဇူးမားဂိမ်းကစားချင်သူများ ရှိနေမယ်ဆိုရင်ပေါ့။
ကျွန်တော့် nokia 5800 မှာကစားနေတာ အဆင်ပြေတယ်နော်။
အခြား nokia smartphone များမှာလည်း အဆင်ပြေနိုင်ပါတယ်။
touch screen တွေမှာပေါ့ဗျာ။ စမ်းကြည့်ချင်ရင်တော့ ဒေါင်းပြီး
ထည့်ကြည့်ပါ။ စခရီင် ကျော်တာနဲ့ သေးနေတာလောက်ပဲ။


                           

Wednesday 1 February 2012

မြိုင်သားလေးတို့ရဲ့ မြို့နယ်ကိုအမေစုရောက်သွားသတဲ့လေ။


မန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မကွေးတိုင်း မြိုင်မြို့နယ်က ပေပင်တိုက်ကျေးရွာနဲ့ ကျစ်ကြီးကျေးရွာကို အန်ဂျီအိုတခုဖြစ်တဲ့ The Adventist Development and Relief Agency (ADRA) က လုပ်ထားတဲ့ ကျေးရွာဖွံ့ဖြိုးရေး အစီအစဉ်နဲ့ ကျေးရွာ ရေရရှိရေး အစီအစဉ်တွေကို သွားရောက် ကြည့်ရှုပါတယ်။



အာရှရွှေကျား တစ်ကောင်ဖြစ်ဖို့ရာတွင်

သိသာ မြင်သာသည့် အရှိန်အဟုန်ဖြင့်  ပြောင်းလဲခြင်းများက တစ်ကမ္ဘာလုံးရှိ စီးပွားရေး
လုပ်ငန်းရှင်များကို လှုပ်နှိုးနိုင်ခဲ့ပြီဖြစ်သည်..... ပြု ပြင် သင့် သည် များ ကို ပြု ပြင် .....
ပြောင်းလဲ သင့်သည်များကို ပြောင်းလဲလိုက်သဖြင့် တိုးတက်ဖွံ့ဖြိုးစေမည့် အဖူး အငုံများက
ဖူးပွင့်  စွင့် အာ နိုင် ရန်  တာဆူနေပြီ ဖြစ်တော့သည် ....
မြန်မာနိုင်ငံသို့ မကြာမီက လာရောက်သွားခဲ့သော  ကမ္ဘာ့ငွေကြေးရံပုံငွေ အဖွဲ့ကြီးကပင်
ကြွယ်ဝသည့် သဘာဝ အရင်းအမြစ်များ ...ငယ်ရွယ် ပျိုမျစ်သည့် အလုပ်အင်အားစုများ ..
စီပွားရေးဖွံ့ဖြိုးနေသည့် နိုင်ငံအချို့နှင့် နီးစပ်နေမှုများက မကြာသောကာလတွင် စီးပွားရေး
အင်အားကြီးသည့်  နိုင်ငံတစ်နိုင်ငံဖြစ်ပေါ်လာနိုင်သည့်  အခြေအနေတွင် ရှိနေသည်  ဟု
ကြိုတင် ဟောကိန်းထုတ်သွားခဲ့ပါသည်.....
မှန်ပါသည်.. ယခုပုံစံအတိုင်း  ပြုပြင် ပြောင်းလဲမှုများကိုသာ  လက်ကိုင်ပြုသွားမည်
ဆိုခဲ့ပါမူ စီးပွားရေးပညာရှင်များ မှန်းစထားသည့်အတိုင်း မြန်မာနိုင်ငံသည် အချိန်တို
အတွင်း အာရှ၏ နောက်ထပ် ကျားတစ်ကောင်ဖြစ်လာမှာ  အသေအချာပင် ဖြစ်တော့သည်....
မကြာမီကာလက မြန်မာနိုင်ငံသို့ ခဏ အလည်အပတ်ပြန်ရောက်လာသော စင်္ကာပူ
နိုင်ငံတွင် အင်ဂျင်နီယာလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦး၏ ပြောပြချက်အရ စင်္ကာပူ
နိုင်ငံမှ ဦးဆောင်အဖွဲ့များပင် မြန်မာနိုင်ငံ၏ စီးပွားရေး စီမံကိန်းကြီးများကို မျက်ခြေ
မပြတ် စောင့်ကြည့်ပြီး စီးပွားရေး  ယှဉ်ပြိုင်နိုင်ရန် တာစူနေရပြီ ဖြစ်သည်........
စီးပွားရေး ယှဉ်ပြိုင်နိုင်ရန် အလို့ငှါ သတိထား စောင့်ကြည့်ရသည့် အနေအထား
သို့ပင် ဆိုက်ရောက်နေပြီဖြစ်သည်.....