Wednesday 25 January 2012

ရထားမဆိုက်တဲ့ ဘူတာ

အကောင်အထည်ဒြပ်မဲ့
လေးလံဝန်ပခုံးပေါ်တင်လို့
အဆံ မရှိတဲ့ ခရုအိမ်မှာ
ကြိမ်မီးအုံးသလို လောင်ကျွမ်း
အလွမ်းပင်လေးတောင် မစိုက်အားဘူး။

မြင်ရိုင်းတစ်ကောင်လို
ဝုန်းဒိုင်းကြဲစီးဆင်းနေတဲ့
ကွေ့ကွေ့ကောက်ကောက် မြစ်တစ်စင်းတောင်မှ

ကမ်းပါးနှစ်ခုရဲ့ အထိန်းအကွပ်ကြားမှာ
ဆန္ဒကို အလံထူလွှင့်ရင်း
ပင်လယ်ဝဆီ ခရီးပေါက်ခဲ့။

ပစ္စုပ္ပန်သင်္ဘောကြီးက
ထွေပြားလွန်းတဲ့ ဘ၀နေထိုင်မှုမှာ
ဆီးဖြူသီး ဆန်ကောထဲ လိမ့်သလို
သေချာမယ့် ပစ်မှတ်အကြိမ်ကြိမ်လွဲလို့
လန်းဆတ်မှု အိပ်မက်တွေ ပုပ်သိုး
တန်ဖိုးမဲ့ဆုလာဘ် ရင်မှာပိုက်ရင်း
အစုန်အဆန်မဲ့ ဘူတာကြီးမှာ
အထီးကျန်အဖော်ကင်း
လည်ပင်းဖက်မယ့် သူတွေမရှိခဲ့ဘူး။ ။

စန္ဒကူးနီ

0 comments:

Post a Comment