အမှားခြစ်ရာတွေနဲ့ လူ
ကြည့်စမ်း
သိသာ မြင်သာတဲ့ အတ္တတွေနဲ့
ငါဟာ ဘယ်အထိ သက်ဆိုးရှည်ဦးမလဲ
နေ့ညတွေထဲ
အပြုအမူအမှားတွေနဲ့
အကုသိုလ်တွေ တစ်မိုင်နှစ်မိုင်စာမက
ပြုမူခဲ့မိရဲ့
ဝမ်းနည်းစရာ ကဗျာတစ်ပုဒ်ပါပဲ။
အမြင့်က ခုန်ချလာတဲ့ စိတ်နဲ့ ရပ်တည်နေလို့
ရလာတဲ့ နောင်တတရားတွေထဲ
ငါ့မျက်ရည်တွေ မိုးလိုရွာလို့
စိမ်းလန်းနေတဲ့ ရှုခင်းတွေကို မမြင်တော့ဘူး
အာသာငမ်းငမ်း တပ်မက်စိတ်နဲ့
အပိုင်ရယူချင်တဲ့ လောဘများ
မခံချင်စိတ်နဲ့ တစ်ဟုန်ထိုး
ချွန်းလွတ်ဆင်လို ပြေးထွက်သွားတဲ့ ဒေါသများ
ငါဟာ အမှောင်ထဲမှာ ဘောင်ကျွံခဲ့တဲ့ လူသား။
ငါ့ အတောင်ပံခတ်သံတွေမှာ
အမှန်တရားတွေပဲ ဖလန်းဖလန်းထဖို့
ငါ ဇွဲကြီးကြီး ဆုပ်ကိုင်ထားရမှာက
စိတ်ကောင်းစေတနာတွေ စိုက်ဝင်နေတဲ့
ဝိညာဉ်။
အဲဒီ ၀ိညာဉ်
ရေရှည်ရှင်သန်ဖို့
စိတ်ရိုင်းတို့ကို ချွန်းအုပ်ပြီး ထိန်းချုပ်
ကိုယ်ကျင့်တရားကို အပိုင်ဆုပ်ကိုင်ထားဖို့ကြိုးစား
ကောင်းမြတ်တဲ့ ၀ိညာဉ်အဖြစ် တင့်တယ်ဖို့အတွက်
ပဏာမအဆင့် ကျင့်ကြံရမှာက
ဖြူစင်နှလုံးသားနဲ့ မုဒိတာပွားရင်း
အတ္တထူထူကို တဖြည်းဖြည်းခွာချ
အတ္တပါးပါးလေး ဖြစ်လာစေဖို့ပါ။ ။
မင်းထက်သားညီ၊တောင်ငူ၊
Tuesday, 10 January 2012
ပို့စ်တင်သူ
မြိုင်သားလေး
တင်သည့်နေ့
Tuesday, January 10, 2012
Email This
BlogThis!
Share to X
Share to Facebook


Labels:
ကဗျာသေတ္တာ
0 comments:
Post a Comment