Friday 8 June 2012

                                               စက်ရုပ်ဖုန်းတွေ root လုပ်နည်း
    
                                               မြန်မာမိုဘိုင်းကအတိုင်းပဲကူးပြီးမျှဝေပါတယ်ခင်ဗျာ။

Gingerbread ကို SuerperOneClick နဲ့ အသုံးပြုပြီး root လုပ်ရတာ အဆင်မပြေသူတွေအတွက်
အခု Universal Gingerbread Root နဲ့အသုံးပြုလို့ရပါတယ်။
Question : Gingerbread ကို ဘယ်လို Root လုပ်မလဲ ?
Answer :
- သင့်ရဲ ဖုန်းကို ပထမဆုံး Unknown sources ကို enable လုပ်ပေးပါ။
( Settings – > Application – > Unknown sources )
- Universal_gb_root_v17.zip ဖိုင်ကို Download ဆွဲပြီး သင့်ဖုန်းရဲ့ SD card ထဲသို့ထည့်ပါ။
* universal_gb_root_v17.zip ဖိုင်ကို အသုံးပြုမဲ့ ဖုန်း SD card ထဲသို့ဘယ်လိုပြောင်းထည့်မလဲ ?
( universal_gb_root_v17.zip ဖိုင်ကို မိတ်ဆွေ ရဲ့ဖုန်းထဲသို့ phone via Wifi, Bluetooth,
SD micro Adaper or USB cable စတဲ့ ပုံစံမျိုးနဲ့ သင်ပြောင်းထည့်နိုင်ပါတယ်။
ပြောင်းထည့်ဖို့အတွက် ပထမဆုံး မိတ်ဆွေ မှာ via USB cable လိုအပ်ပါမယ်။
ပြီးလျှင် Samsung Offical Web site မှ KIES ကို download ဆွဲပြီး install ပြုလုပ်ပါ။
ပြီးလျှင် မိတ်ဆွေရဲ့ PC ကို restart ချပေးပါ။
USB driver ကို install ပြုလုပ်ပြီးလျှင် မိတ်ဆွေ ရဲ့ဖုန်းမှာ Setting -> Application ->
Development -> USB debugging ကို Enable လုပ်ပေးပါ။
USB cable နှင့် မိတ်ဆွေရဲ့ဖုန်းကို ချိတ်ဆက်ပြီးပြီဆိုလျှင် ဖုန်းမှာ
USB connected box ( Select to copy files to/from your computer )
တက်လာပါမယ်။ ရွေးပေးပါ။
universal_gb_root_v17.zip ဖိုင်ကို မိတ်ဆွေ ရဲ့ SD card ထဲသို့ Copy ကူးထည့်ပေးပါ ။ )

မိတ်ဆွေရဲ့ဖုန်းထဲသို့ ဖိုင် copy ကူးထည့်ပြီးပါက ” Disconnect storage from PC ” ကို
နှိပ်ပြီး ဖုန်းမှာ တက်ထားသော USB cable ကိုဖြုတ်ပေးပါ။
ပြီးလျှင် မိတ်ဆွေရဲ့ ဖုန်းကို ပါဝါပိတ်ပေးပါ။

[ recovery mode ၀င်နည်း on 551, Pro ]

- စပြီး ပြုလုပ်တဲ့အချိန်မှာ အခုပြထားပေးတဲ့ အတိုင်း စဖို့လိုအပ်ပါတယ်။
( T Button ) + ( Power Button ) ကို တွဲပြီး စုံနှိပ်ထားပေးပါ။




[ recovery mode ၀င်နည်း on Ace, Gio, Fit, Mini, Pop ]

- စပြီး ပြုလုပ်တဲ့အချိန်မှာ အခုပြထားပေးတဲ့ အတိုင်း စဖို့လိုအပ်ပါတယ်။
( Power Button ) + ( Home Button ) ကို တွဲပြီး စုံနှိပ်ထားပေးပါ။




[ recovery mode ၀င်နည်း on Ace GT-S5830i, Xcover, Young, Y-Duos, Y-Pro, Y-Pro Duos, M-Pro ]

- စပြီး ပြုလုပ်တဲ့အချိန်မှာ အခုပြထားပေးတဲ့ အတိုင်း စဖို့လိုအပ်ပါတယ်။
( Volume up Button) + ( Home Button) + ( Power button ) ကို တွဲပြီး စုံနှိပ်ထားပေးပါ။







- အထက်မှာ ဖော်ပြပေးထားတဲ့အတိုင်း သက်ဆိုင်တဲ့ Recovery mode ကို
second အနည်းငယ် တွဲနှိပ်ထားပြီးတဲ့အခါ မိတ်ဆွေ ဖုန်းက recovery mode
ကိုရောက်ရှိသွားပါမယ်။
- Recovery mode မှာ အပေါ်အောက် ရွေးဖို့အတွက် ( Volume – / Volume + ) ကို
အသုံးပြုပြီး မိတ်ဆွေ ဖုန်း SD card ထဲသို့ ထည့်ထားသော universal_gb_root_v17.zip
ဖိုင်ကိုရွေးပြီး Home button ကိုရွေးပြီး apply လုပ်ပေးပါါ။

- ” Install form sdcard complete ” စာတန်းကို မိတ်ဆွေ မြင်တွေ့၇ပါမယ်။
- ထို့နောက် ” reboot system now ” ကိုရွေးပြီး Home button ကိုနှိပ်ပေးပါ။
- မိတ်ဆွေ ဖုန်း ပြန်တက်လာပြီဆိုလျှင် superuser icon လေးနဲ့အတူ
မိတ်တွေ ရဲ့ဖုန်းကို root အောင်မြင်စွာ ပြုလုပ်ပြီးသွားပါပြီ။
                     
မိတ်ဆွေတို့ ကိုင်တဲ့ဖုန်းလေးတွေ အဆင်ပြေကြပါစေ......။

0 comments:

Post a Comment