Monday 14 November 2011

မြိုင်သားလေးနဲ့ မိတ်ဆက်ခြင်း

ကျွန်တော် မြိုင်သားလေးပါ။
မော်လမြိုင်သား တော့မဟုတ်ပါဘူး။
မြိုင်မြို့ပါ(အညာဒေသလေးပါ) အောက်မှာဒေါက်တာ သက်လွင်ရေးထားတာလေးပဲ
ဖတ်ကြည့်ပါဗျာ။ မြန်မာနိုင်ငံ တ၀ှမ်းကမြို့တစ်မြို့ကို သေချာသိသွားပါလိမ့်မယ်။


မြိုင်ဆိုတဲ့ မြို့ကလေး

         ''ဆရာရဲ့ ဇာတိက ဘယ်မြို့က ပါလဲ''
         ''မြိုင်မြို့ကပါ''
         ''မော်လမြိုင်လား''
         ''မဟုတ်ပါဘူး၊ မြိုင်ပါ''
         ''မြိုင်မြို့ဆိုတာ ရှိသလား''
         ''ရှိတာပေါ့ဗျာ၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်''
 စသည်ဖြင့် မကြာခဏ အမေးခံ ခဲ့ရဖူးသည်။ မြိုင်သည် မြန်မာရှင် ဘုရင်ခေတ်တွင် ပုခန်း၏လက် အောက်တွင် တိမ်မြုပ်နေခဲ့ရသည်။ လွတ်လပ်ရေးရပြီးနောက်တွင် ပခုက္ကူ ၏လက်အောက်တွင် တိမ်မြှုပ်နေခဲ့ရ သည်။ မြိုင်သားများသည် ပုခန်း သား၊ ပခုက္ကူသားဟု အမည်ခံခဲ့ကြ သည်။ အမှန်တော့ မြိုင်သည်သာမန် မြို့ကလေးမဟုတ်၊ ခေတ်အဆက် ဆက်တွင် အဘက်ဘက်ကတိုး တက်ခဲ့သော မြို့ကလေးဖြစ်သည်။ မြို့မကျ တောမကျ၊ စစ်ဘေးလုံခြုံရာ ဒေသဖြစ်ခဲ့သည်။ စီးပွားရေးဖွံ့ဖြိုးရာ ဒေသဖြစ်သည်။
             မြိုင်မြို့နယ်တွင် သီရိဓမ္မာသော ကမင်းကြီး၏ကောင်းမှုစေတီတော် များဖြစ်သော ရှင်မတောင်မုဋ္ဌောဘုရား၊ ချောက်တောင်းမုဋ္ဌောဘုရား၊ ဗဟင်း မုဋ္ဌောဘုရား၊ ဖျသီးရွာမုဋ္ဌောဘုရားများ တည်ရှိသည်။ အလွန်ရှေးကျသော ဗုဒ္ဓ ၏အမွေအနှစ်များရှိသည်။ ထို့ကြောင့် ပုဂံခေတ်မတိုင်မီကပင် ဗုဒ္ဓဘာသာ ထွန်းကားခဲ့သည်။ ရဟန်းပညာရှိ၊ လူပညာရှိများ အမြားအပြားပေါ်ထွန်း ခဲ့သည်။ ရှေးစာဆိုကြီးများဖြစ်ကြ သော ကျည့်ကန်ရှင်ကြီး၊ ပထမ ကျော်အောင်စံထားဆရာတော်၊ တိ လောက ဂုရုဆရာတော်၊ ပထမ ဗား ကရာဆရာတော်၊ ဒုတိယဗားကရာ ဆရာတော်တို့သည် မြိုင်မြို့နယ်ဖွား ဆရာတော်ကြီးများ ဖြစ်ကြသည်။ ယခုခေတ်မှာလည်း ပီနန်ဆရာတော် ဘဒ္ဒန္တသုမနာစာရ၊ စင်ကာပူဆရာ တော် ဘဒ္ဒန္တတိလောကသီရိ၊ ရန်ကုန် မြို့ မြသိန်းတန်ကျောင်းတိုက် ဆရာ တော်ကြီး ဘဒ္ဒန္တသောဘန (အဘိဓဇ မဟာရဋ္ဌဂုရု) စသည်တို့သည်လည်း မြိုင်မြို့နယ်သားများဖြစ်ကြသည်။ အထူးသဖြင့် မြန်မာပြည်တွင် ရဟန်း လောက၌ တိပိဋကဓရ၊ တိပိဋက ကောဝိဒ ရဟန်းတော် ဆယ်ပါးကျော် မျှပေါ်ထွန်းခဲ့ပြီးဖြစ်ရာ နှစ်ပါးမှာ မြိုင် မြို့နယ်ဖွား ဆရာတော်ကြီးများဖြစ် သည်။ ဒုတိယမြောက် တိပိဋကဓရ ဆရာတော် အရှင်နေမိန္ဒနှင့် နဝမ မြောက် တိပိဋကဓရ ဆရာတော် အရှင်သုန္ဒရတို့ဖြစ်ကြသည်။ မြန်မာ နိုင်ငံတွင် တိပိဋကဓရ ဆရာတော် နှစ်ပါးပေါ်ထွက်ခဲ့သော မြို့နယ်ဟူ၍ မြိုင်မြို့နယ်တစ်ခုတည်းသာရှိသည်။ လူစာဆိုများအနေဖြင့် မြသန်းတင့်၊ အောင်လင်း၊ ဓမ္မာစရိယ ဦးမောင် မောင်လေး၊ ခင်ကြီးအောင်၊ မြင့်ရည်-တမာမြေ၊ လူမွန် ပခုက္ကူ၊ တင်မောင် အေး၊ ပခုက္ကူ ဦးသောင်းငွေ၊ လူထင်း နှင့် စာရေးသူတို့သည် မြိုင်သားများ ဖြစ်ကြသည်။ ရန်ကုန်ဒေသတွင် နာယကဆရာတော်များ ဖြစ်နေသော ပရိယတ္တိစာသင်တိုက်၊ နာယက ဆရာတော်အများမှာ ရေတွက်လို့ ပင်မကုန်နိုင်။ မြန်မာ့သဘင်လောက တွင် နာမည်ကြီးခဲ့သော ကြာသောင်း တင်၊ ဆိုဗီယက်ပြန် နွဲ့နွဲ့စမ်း၊ ဇာတ် မင်းသားလေး သိန်းဇော် တို့သည် လည်း မြိုင်ဇာတိဖွားများဖြစ်ကြ သည်။
              ဒေသထွက်ကုန်များ အနေဖြင့် လည်း ရှင်မတောင်သနပ်ခါး၊ ပခုက္ကူ ဝါဒစောင်၊ ပခုက္ကူဓား၊ တံစဉ်၊ တူရွှင်း၊ ပေါက်ပြား၊ ဂေါ်ပြား စသည့် သံထည်ပစ္စည်းများ၊ နှောပင်ရွာ၊ နွား နှာခေါင်းကြိုး(နဖားကြိုး)တို့သည် မြိုင်မြို့နယ်ထွက်ပစ္စည်းများဖြစ်သည်။  ပခုက္ကူမှသွားလျှင် မြိုင်မြို့နယ်အဝင် မှစပြီး တောတောင်များ အရိပ်များကို တွေ့လာရသည်။ ရာသီဥတု မျှတလာ သည်။ မိုးရေချိန်လက်မများလာ သည်။ ထို့ကြောင့်ပင် မြေပဲ၊ နှမ်း၊ ပဲစင်းငုံမှအစ ပဲမျိုးစုံအထွက်ကောင်း သည်။ ကျေးလက်ဒေသစီးပွားရေး ဖွံ့ဖြိုးသည်။ ဆိတ်၊ သိုး၊ ဝက်မွေးမြူ ရေးများထွန်းကားသည်။ ပခုက္ကူမြို့ ပေါ်တွင် ထင်ရှားသော ကုန်သည်ပွဲ စားများသည် မြိုင်မြို့နယ်ကိုအခြေခံ ကြသည်။ အများအားဖြင့် မြိုင်မြို့ နယ်သားများဖြစ်ကြသည်။ ပခုက္ကူ မြို့ပေါ်တွင် အောင်မြင်နေသော စီး ပွားရေးလုပ်ငန်းရှင်ထက်ဝက်နည်း ပါးသည် မြိုင်မြို့ နယ်သားများဖြစ် သည်။ လွန်ခဲ့သော နှစ်ပေါင်း သန်း ၄ဝ မှ လူတူပရိုင်းမိတ်များကို မြိုင် မြို့နယ် ဗဟင်းကျေးရွာတွင် စတင် တွေ့ရှိခဲ့ကြသည်။ ထို့ကြောင့် လူ သားအစ ရပ်ဒေသဟု မြိုင်နယ်သား များက ဂုဏ်ယူဝင့်ြ<ွကားကြသည်။ ဆက်သွယ်ရေးစာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သိန်းထွန်းနှင့် ကုန်သွယ်ရေး ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ်အောင်ထွန်းတို့ သည်လည်း မြိုင်သားစစ်ဘက်မှပုဂ္ဂိုလ် များဖြစ်ကြသည်။ ပခုက္ကူဒေသတွင် နာမည်ကျော်နေသော အဂ္ဂမဟာ ကမ္မဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ပင်မပခုက္ကူ မိုးကုတ်ဝိပဿနာ၊ မင်္ဂလာရိပ်သာ ဆရာတော်ကြီး အရှင် သုန္ဒရသည်လည်း မြိုင်မြို့နယ်ဇာတိ ဖြစ်သည်။
              အထူးခြားဆုံး အသိအမှတ်ပြု ခြင်းခံရသူမှာ ပခုက္ကူစာချနည်းကို တီထွင်သူ၊ တိုက်တည်နည်းထွင် ဆရာတော်ကြီး အရှင်ဂန္ဓသာရသည် မြိုင်မြို့နယ် ဇာတိဖြစ်သည်။ မြိုင်မြို့ သားများ၏အကြောင်းကို ပြောလို့ဖြင့် ကုန်နိုင်မည်မဟုတ်ပေ။ ထို့ကြောင့် စာရေးသူသည် မြိုင်မြို့နယ်ဖွား စာဆို များဆိုပြီး စာအုပ်ကြီးတစ်အုပ်ကို သီးခြားရေးသားထုတ်ဝေခဲ့သည်။
              မြိုင်အကြောင်းကိုပြောလျှင် တ မာတန်းအကြောင်းကို မပြောလို့က ဖြင့်မဖြစ်။ တမာတန်းဆိုရာတွင် လင်း ကတောဘက်က မြိုင်အဝင်၊ တမာ တန်းနှင့် ပခုက္ကူဘက်ကဝင်ရာ မြိုင် မြို့အဝင် တမာတန်းဟုရှိပြန်သည်။ အများအားဖြင့်တော့ မြိုင်မြို့အဝင် တမာတန်းဟုပြောလျှင် ပခုက္ကူဘက် ကအဝင် တမာတန်းကိုရည်ညွှန်း သည်။ ကတ္တရာလမ်း၏ တစ်ဘက် တစ်ချက်တွင် သုံးမိုင်ကျော် တမာပင် တန်းကြီးရှိသည်။ ထိုတမာပင်တန်း ကြီးအကြောင်းကို စာရေးဆရာကြီး မြသန်းတင့်နှင့် အောင်လင်းတို့က မကြာခဏစာဖွဲ့ခဲ့ကြသည်။ ပုသိမ်- မုံရွာ အဝေးပြေးလမ်းမကြီးနှင့် ပခုက္ကူ -မြိုင်-တောမ-ဂန့်ဂေါ-ကလေး-တမူး အဝေးပြေးမော်တော်ကားလမ်း မကြီးနှစ်ခုသည် မြိုင်မြို့အဝင် တမာ တန်းကို ကြက်ခြေခတ် လာပြီးဆုံကြ သည်။ တမာတန်းကြီး၏ အလှကို မပျက်စီးပါစေနှင့်ဟုလည်း ဆု တောင်းနေရသည်။
           မကြာမီက နိုင်ငံတော်အကြီး အကဲကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သည် ပခုက္ကူမြို့သို့ရောက်ရှိခဲ့သည်။ ပခုက္ကူတွင် တည်ဆောက်မည့် ဧရာ ဝတီမြစ်ကူးတံတားကို နေရာသတ် မှတ်ပေးခဲ့သည်။ ဧရာဝတီမြစ်ကူး တံတား(ပခုက္ကူ)နှင့်ပတ်သက်ပြီး ဆောက်လုပ်ရေးဝန်ကြီးနှင့် မီး ရထားဝန်ကြီးတို့က မြေပုံကားချပ် များနှင့်တကွ တင်ပြရှင်းလင်းခဲ့သည်။ အရေးပါသော မဟာဗျူဟာလမ်းမ ကြီးများဖြစ်သော အာရှလမ်းမကြီးနှင့် အာဆီယံလမ်းမကြီးများ ပခုက္ကူနှင့် ဆက်သွယ်ပုံကွန်ရက်ကိုပြသရာတွင် ပခုက္ကူနှင့်အတူ မြိုင်မြို့ကို အမြဲဖော် ပြသည်ကို တီဗီတွင်ကြည့်ရှုလိုက်ရ သည်။ အမှတ်-၂ စက်မှုဝန်ကြီးဌာန သည် မြိုင်မြို့အနီးတွင် အကြီးစား စက်မှုဇုန်ကြီးတစ်ခုကို တည်ဆောက် နေသည်။ မကြာမီ မြိုင်သည် စက် မှုမြို့တော်ကြီး တစ်ခုဖြစ်လာပေ တော့မည်။ စီးပွားရေးသမားများက လည်း ဆွမ်းတော်ခွက်ကို ကြွက် ချောင်းသကဲ့သို့ စောင့်ကြည့်နေကြ သည်။ ယခုပင်လျှင် ယောဒေသမှ သယ်ဆောင်လာသော ကုန်ပစ္စည်းများ သည် ပခုက္ကူသို့မဝင်တော့ပေ။ မြိုင် ဘူတာမှာချပြီး မြိုင်မြို့မှာပင် ရောင်း ဝယ်ကြတော့သည်။ ယောသူယော သားများကလည်း မြိုင်မြို့ဈေးမှာပဲ၊ ဈေးဝယ်ပြီး ပြန်ကုန်ကြသည်။ မြိုင် သည် ပခုက္ကူမြို့သို့မဝင်မီဈေးကွက် တစ်ခုဖြစ်လာနေသည် ဗဟင်းဒေသ မှာရှိသော ဆူးဝင်းရေနံမှော်၊ လက်ပံ တိုရေနံမြေ၊ နှောပင်ရေနံမှော်တို့တွင် တစ်နိုင်ငံလုံးမှ စီးပွားရေးလုပ်ငန်း ရှင်များ အခြေချနေထိုင်လာကြသည်။ မြိုင်မြို့ပေါ်တွင် စားသောက်ဆိုင် ကြီးများ အများအပြား ပေါ်ပေါက် လာနေသည်။ စားကြ၊ သောက်ကြ၊ ပျော်ကြ၊ ကကြဖြင့် သမိုင်းတစ် လျှောက်တွင် ငြိမ်သက်နေခဲ့သော မြိုင်မြို့ကလေးသည် အိပ်ရာမှ နိုးထ လာနေပြီဖြစ်သည်။ လျှပ်စစ်မီးက လည်း ၂၄ နာရီရနေသည်။ လမ်း ပန်းဆက်သွယ်ရေးအနေဖြင့်လည်း မြိုင်မြို့မှ ပခုက္ကူသို့သွားလျှင် တစ် နာရီခရီး၊ မုံရွာသို့သွားလျှင် သုံးနာရီ ခရီး၊ ဂန့်ဂေါသို့သွားလျှင် ရှစ်နာရီ ခရီး၊ အိန္ဒိယအထိပင် ခရီးဆက် နိုင်၏။ အဝေးပြေးကားလိုင်းများအနေ ဖြင့်လည်း မြိုင်-မန္တလေး၊ မြိုင်-မုံရွာ၊ မြိုင်-ပခုက္ကူ၊ မြိုင်-ရန်ကုန် နေ့စဉ် ပုံမှန်အမြန်ယာဉ်မှန်လုံကားများဖြင့် ပြေးဆွဲနေသည်။ မုံရွာ၊ မန္တလေးသို့ သွားမည်ဆိုပါက ချင်းတွင်းမြစ်ကူး တံတားများဖြစ်သော ဆင်ဖြူရှင် တံ တား။ အလုံတံတားများမှတစ်ဆင့် နေ့သွားသွား၊ ညဥ့်သွားသွား၊ သွား ချင်သည့် အချိန်မှာသွား။ အိပ်မပျော် လျှင် သန်းခေါင်အချိန်မှာသွား။ ဆက် သွယ်ရေးတွေကောင်းနေပြီ။ အော်တိုတယ်လီဖုန်း၊ CDMA တယ် လီဖုန်းတွေကလည်း ရွာတိုင်းလိုလိုမှာ ရှိနေပြီ။ မြိုင်မြို့နယ်မှ နိုင်ငံခြား တိုင်းပြည်အသီးသီးသို့ သွားရောက် အလုပ်လုပ်ပြီး စီးပွားရှာနေကြသူများ ကလည်း ပေါများလှပေ၏။ ကျေးရွာ တိုင်းတွင် နိုင်ငံခြားသို့သွားနေကြသူ တွေရှိနေသည်။ ငွေတွေပို့ကြ၊ ဖုန်း တွေဆက်ကြ၊ ရယ်ကြ၊ မောကြ၊ လွမ်းကြ၊ ဆွေးကြ၊ ငိုကြ၊ ပြောကြဖြင့် ဂလိုဘယ်လိုက်ဇေးရှင်း ရေစီးကြောင်း တွင် မျောပါနေကြသည်။ မကြာမီ ပုသိမ်- မုံရွာ ဟိုက်ဝေးလမ်းမကြီးနှင့် အာဆီယံလမ်းမကြီးတွေပွင့်ပြီး ဧရာ ဝတီ မြစ်ကူးတံတား(ပခုက္ကူ)ပြီးစီး သွားပါက မြိုင်မြို့ကလေးသည် ဟိုက်ဝေးလမ်းမကြီးတွေ့ဆုံရာ မြိုင် မြို့ကြီးဖြစ်လာတော့မည်မှာ မလွဲ ဧကန်ဖြစ်ပါတော့၏။

                                                                                       ဒေါက်တာ သက်လွင်

0 comments:

Post a Comment