Wednesday, 15 February 2012

တောမင်းသမီး

(ယခင်လမှ အဆက်...)
၂။
ကလေးကို သိမ်းပွေ့ရင်း ကိုသာညို့ လှည်းဆီကို မိုးရေထဲကပဲ ဒရောသောပါး လှမ်းလာခဲ့သော ခြေထောက်တွေက မြေကြီးနှင့်ပင် လွတ်ချင်ချင်။
မဗိုင်းတောင့် ရင်တွေ ခုန်လှချည့်ကော။ ရွှေငါးဆယ်သားထုပ် တစ်ထုပ် ကောက်ရသည် ဆိုလျှင်ပင် သည်လောက် ရင်ခုန်စရာ အကြောင်းမရှိ။ ခုတော့ လူသား ကလေးငယ တစ်ယောက်ကို မထင်မှတ်သည့် အချိန်၊ မထင်မှတ် သည့်နေရာက ကောက်ရခဲ့ပြီ မဟုတ်လား။ ဘယ်သူ့ ကလေးလဲ။ ဘာကိစ္စ လက်ပံပင်နောက် အမှောင်ထဲက ပါးပျဉ်း အဟိုက်တွေထဲ ရောက်နေရတာလဲ။ ကလေး မအေခမျာ ကလေး ခဏချထားခဲ့ပြီး တပိုတပါး သွားနေသလား တွေးမိလို့ ခဏပင် စောင့်နေခဲ့သေးသည်။

နှစ်ဆယ့်တစ်ရာစု ရေသည်ပြဇာတ်

ကိုလှသောင်နဲ့ မခင်ဝင်းကို မြင်တိုင်း ကျွန်မ စိတ်ထဲမှာ ကျိတ်မနိုင် ခဲမရနဲ့ ဒေါသတွေက အလိုလို ထွက်လာတတ်တယ်။
တကယ်ဆို သူတို့ ဒီလို လုပ်သင့်လား။ သူတို့လည်း ၀မ်းရေးအတွက် ဒီအလုပ်ကို လုပ်နေရတာ ဖြစ်သလို ကျွန်မတို့လည်း စားဝတ် နေရေးအတွက် ဒီအလုပ်ကို လုပ်နေ ရတာပဲ။ စိတ်ကောင်းလေး ထားကြ ရမှာပေါ့။ အခုတော့ သူတစ်ပါး စီးပွားရေးကို ဖျက်လိုဖျက်ဆီး။ ပြီးတော့ တစ်ရပ်ကွက်တည်း နေလာကြတဲ့ အချင်းချင်းတွေ။

ကျွန်မတို့ ရပ်ကွက်မှာက ရေရှားတယ်လေ။ ရေတွင်း တူးရင်လည်း ဟိုးအောက်ပိုင်း တော်တော်ကြီး နက်အောင်တူးမှ ရေထွက်တာ ဆိုတော့ တုံကင်တွင်းတို့၊ လက်ဆွဲ အ၀ီစိ တွင်းတို့ တူးဖို့က အဆင် မပြေဘူး။ စက်နဲ့ စုပ်တင်ရတဲ့ စက်တွင်းတူးမှ ရေထွက်တာ ဆိုတော့ ရပ်ကွက် ထဲမှာက ရေတွင်းရှိတဲ့ အိမ်ရှားတယ်။ လက်ချိုး ရေကြည့်ပါမှ ခြောက်အိမ်ပဲ ရှိတာ။ ဒီခြောက်အိမ် ထဲမှာမှ လေးအိမ်က သူတို့အိမ် အတွက်ပဲ သူတို့ မောင်းတာလေ။ အခြားအိမ်တွေ အတွက် ရေမရောင်းဘူး။ ရေရောင်းတာက ဒီမြောက်ဘက်ခြမ်း ထဲက ကျွန်မတို့ အိမ်နဲ့ တောင်ဘက်ခြမ်း ထဲက ကိုမော်တာတို့ အိမ်ပဲရောင်းတာ။

Monday, 13 February 2012

မြိုင်အုပ်ချုပ်ရေးမှူး အန်အယ်လ်ဒီဈေးရောင်းပွဲပိတ်ပင်သတဲ့ဗျို့

 


                                                                 

                                            ( ရွှေအုံးတောက်ဘုရားပုံပါ)ကိုယ်တိုင်ရိုက်ထားခဲ့ပါတယ်။
                                                   ကြော်ငြာဝင်ပြီနော်.....

Sunday, 12 February 2012

nokia s60 -အတွက် power mp3 player

ဒီ နိုကီယာဖုန်းက ကျွန်နော် လက်ရှိသုံးနေတာလေးမို့ လက်တွေ့လေး
တွေ ပြန်လည်မျှဝေ နိုင်တာပါ။ smartphone ကိုင်နေသူတွေတွက်တော့
အဆင်ပြေနိုင် မလားလို့ပါပဲ။ ဖုန်းကတော့ နိုင်ငံခြားရောက်နေသူတိုင်း
ကိုင်နေကြတာလေ အနိမ့်အမြင့်ပေါ့။ ကိုယ်ဝယ်ကိုင်တဲ့ဖုန်း အဆင်မပြေ
တာတွေ တွေ့ကြမှာပါ။ ကျွန်တော့်လို ပေါ့အမ်ပီသရီးသီချင်း တွေဖွင့်ရင်
သဘောမတွေ့ဘူး သီချင်းတွေက အစုံကိုး နဂိုပါတဲ့ ပလေယာနဲ့ဆို ဟစ်ဟော့
ရောက်လိုက် ရော့ခ်ရောက်လိုက် မြန်မာသံစဉ်ရောက်လိုက် ဖီးလ်နောက်တယ်။
ဒါကြောင့် ဒီပလေယာလေး ကဖိုလ်ဒါလိုက် ရွေးဖွင့်လို့ အိုကေတယ်။
တင်ရ တာလည်းလွယ်တယ် ဆိုဒ်ကသေးသေး မို့။ ကဲအောက်မှာ ကြည့်ပါ။

smart movies တဲ့ symbian s-60တွေတွက်

ဒါလေး ယူချင်ကြမလားခင်ဗျာ။ nokia touch screen symbian phone တွေတွက်ပါ။
ကျွန်တော် တို့နဂိုပါ တဲ့ပလေယာ ကဗွီဒီယိုတွေ ဖွင့်ရင်ဆက်တိုက် မရဘူးဗျ။
တစ်ပုဒ်ချင်း ဖွင့်နေရတာ ဒါကြောင့် ဒီဟာလေး ရလို့ပြန်မျှပေးချင်ပါတယ်။
                        ပုံထဲကအတိုင်း play mode:continuous ဆိုပြီးပြင်ရသေးတယ်ဗျို့။