Saturday 6 October 2012

Android ဖုန်းအတွက် ငတတ်ပြားဂိမ်း

Rival Edge Pte Ltd မှမြန်မာကွန်ပျူတာပညာရှင်များ
ရေးသားထုတ်လုပ်လိုက်တာဖြစ်တဲ့ ငတတ်ပြားဂိမ်းလေးပါ။ 
ဂိမ်းပုံစံလေးက Temple Run ဂိမ်းပုံစံလေး
နောက်ခံတီးလုံးလေးကအစ မြန်မာရိုးရာတီးလုံးလေးနဲ့
ဆော့လို့လဲ ကောင်းပါတယ်...မြန်မာကွန်ပြူတာပညာရှင်များ
နောက်ထပ်အများကြီး ဖန်တီးနိုင်ကြပါစေဗျာ...
ဂုဏ်ယူပါတယ်၊လေးစားပါတယ်..
                                                                                  
မြန်မာရုပ်ရှင်ချစ် ပရိတ်သတ်များအတွက်
Mingalar Cinemas Company Limited နှင့် Bagan Innovation Technology (BiT)
 တို့မှ မင်္ဂလာ Company ၏ ရုပ်ရှင်ရုံများတွင် လက်ရှိ ပြသလျက်ရှိသော ရုပ်ရှင်ကားများ၊ ထပ်မံပြသမည့် ရုပ်ရှင်ကားများ၏ အချက်အလက်များကို အလွယ်တကူ သိရှိနိုင်ရန် Mingalar Cinemas Mobile Application ကို ထုတ်လုပ်လိုက်ပြီဖြစ်ပါသည်။ iPhone နှင့် Android ဖုန်းများအတွက် Mingalar Cinemas Mobile Application ကို ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။
ဒေါင်းလော့ပြုလုပ်လိုပါလျှင် http://www.bitmyanmar.com.mm/kanaung/mingalar 
တွင်သွားရောက် ဒေါင်းယူကြနိုင်ပါတယ်ဗျာ..
Download ပြုလုပ်ခြင်းနှင့် Application အသုံးပြုရာတွင် တွေ့ရှိသော အခက်အခဲများကို http://www.facebook.com/BitCarePage တွင် ရေးသား ဖော်ပြနိုင်ပါသည်။